Main menu

မြောင်းမြခရိုင်၊ ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းခြင်း

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်း ရှင်များအသင်းအား (၂၂.၁.၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၃၀)နာရီက မြောင်းမြခရိုင်၊စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ မြောင်းမြ၊ ဝါးခယ်မ၊ အိမ်မဲမြို့နယ်များမှ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအား ဖိတ်ကြားပြီး ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအား အသစ်ပြန်လည် ဖွဲ့စည်းပေးခဲ့ပါသည်။

  စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးဇော်လင်းအောင်မှ တက်ရောက်လာကြသော ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအား အသင်းဖွဲ့စည်းရခြင်းရည်ရွယ်ချက်၊ စားသုံးဆီရရှိရေးအသင်းနှင့်ချိတ်ဆက်ဆောင် ရွက်မှုအခြေအနေ၊ အသင်းမှခွဲဝေချထားမှုအခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်၊ ဒု-ခရိုင်ဦးစီးမှူး ဦးလှထွဋ်ဦးမှ အသင်း၏ လိုက်နာရမည့်စည်းကမ်းချက်များအား ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော အသင်းသားများ၏ အများသဘောတူ မဲစနစ်ဖြင့် ဥက္ကဌ၊ ဒု-ဥက္ကဌ၊ အတွင်းရေးမှူး၊ တွဲ-အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ တွဲ-ဘဏ္ဍာရေးမှူး၊ စာရင်းစစ်နှင့် အဖွဲ့ဝင်များအား ရွေးချယ်ပေးခဲ့ကြောင်း သိရှိရပါသည်၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းရွေးချယ်ပွဲသို့ အသင်းသား/အသင်းသူ (၂၀)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)