Main menu

ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် “စားသုံးသူအခွင့်အရေး” အကြောင်းသိကောင်းစရာ အသိပညာပေး Talk show ပြုလုပ်ခဲ့သည့်သတင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ စာသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းသည် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျိုက်လတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ “စားသုံးသူအခွင့်အရေး” အကြောင်းသိကောင်းစရာ Talk show ပြုလုပ်ခဲ့ပါသည်။

   အဆိုပါအခမ်းအနားတွင် မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းက စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ ကုန်ပစ္စည်းများကိုဝယ်ယူသုံးစွဲသည့်အခါ ကုန်စည်နှင့်ဝန်ဆောင်မှုများအကြောင်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်များအကြောင်း၊ တရားမဝင်ဆေးဝါးများနှင့်ကုန်ပစ္စည်းများအကြောင်း၊ ကုန်ပစ္စည်းများကိုရွေးချယ်ဝယ်ယူစားသုံးရာတွင် မြန်မာဘာသာဖြင့် ဖြစ်စေ၊ အခြားသာသာတစ်ခုထက်ပို၍ဖြစ်စေ တွဲလျက်ဖော်ပြထားသော ကုန်ပစ္စည်းများကိုရွေးချယ်ဝယ်ယူစားသုံးကြရန်နှင့် စားသုံးသူများနစ်နာဆုံးရှုံးများဖြစ်ပေါ်လာပါက သက်ဆိုင်ရာမြို့နယ် ခရိုင်များရှိ စားသုံးသူရေးရာဦးစီးဌာနများနှင့် တိုင်ကြားနိုင်သည့် စင်တာများဖွင့်လှစ်ထားရှိကြောင်း၊ Call Center No. (1535) သို့လည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOcA(ဧရာဝတီ)