Main menu

နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် စားသုံးသူအသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်

Powered by Drupal

     နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ (၁၄-၁၂-၂၀၂၃)ရက်နေ့၊ နေ့လယ် (၁း၀၀) နာရီအချိန်တွင် ပေါင်းတည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စားသုံးသူအသိပညာပေး   (Talk  Show ) ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။

    အဆိုပါ  Talk  Show  ဆွေးနွေးပွဲတွင် ပေါင်းတည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးစုစံက အသိပညာပေး Talk Show ပြုလုပ်ရခြင်း၏  ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားခဲ့ပြီး ပေါင်းတည်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးနိုင်ဝင်းသိန်းက စားသုံးသူရေးရာဥပဒေ အခန်း (၁၈)၊ ပုဒ်မ (၄၁) ပါ ကုန်ညွှန်း  အမှတ်အသားဖော်ပြခြင်းဆိုင်ရာများကိုရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူပြည်သူများအနေဖြင့်  ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများကိုဝယ်ယူသုံးစွဲခြင်းကြောင့် ထိခိုက်နစ်နာမှုရှိပါက တိုင်ကြားနိုင် သည့်နည်းလမ်းများကိုလည်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)