Main menu

ပေါင်းတည်မြို့နယ်၊ ပေါက်အိုင်ကြီး(အ.မ.က)ကျောင်းတွင် အသိပညာပေးဟောပြောဆွေးနွေး

Powered by Drupal

    နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးနှင့်ဝန်ထမ်းများပူးပေါင်း၍ (၁၅-၁၂-၂၀၂၃) ရက်နေ့ ၊ နံနက် (၉:၀၀)နာရီအချိန်တွင် ပေါင်းတည်မြို့၊ ပေါက်အိုင်ကြီးကျေးရွာ၊ မူလတန်းကျောင်း၌  စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများဟောပြောဆွေးနွေးခဲ့ပါသည်။

  ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးနိုင်ဝင်သိန်းက ကျောင်းသား/ကျောင်းသူများအား ကုန်ညွှန်းအမှတ်အသားပြည့်စုံစွာပါရှိသည့် အစားအသောက်များကိုဝယ်ယူစားသုံးကြရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောခဲ့ပါသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်အေးစုစံက ကျောင်သား/ ကျောင်းသူများအနေဖြင့် အားလပ်ချိန်များတွင် စာအုပ်များကိုများများဖတ်ကြရန်၊ စာဖတ်ခြင်းကြောင့် အသိပညာဗဟုသုတများစွာရကြောင်းဟောပြောခဲ့ရာ အဆိုပါဟောပြောဆွေးနွေးပွဲသို့ ဆရာ/ဆရာမနှင့် ကျောင်းသား/ ကျောင်းသူ ( ၅၅ )ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)