Main menu

မအူပင် ထိန်ထိန်လင်းဆန်စက်အား SME လုပ်ငန်းဖွံ့ဖြိုးရေးနှင့်ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ မအူပင်မြို့နယ် ဦးစီးမှူး ရုံးသည် (၁၁.၁၂.၂၀၂၃)ရက်နေ့ ၊ နံနက် (၁၁:၀၀)အချိန် မအူပင်မြို့နယ် စွန်သိုက်ကျေး ရှိ ထိန်ထိန်လင်း ဆန်စက်အား SME လုပ်ငန်းဖွံ့ဖြိုးရေးနှင့်ထုတ်ကုန်လုံ ခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြ သည်။

        အဆိုပါ ကွင်းဆင်ဆောင်ရွက်မှုတွင် မအူပင်မြို့နယ်တွင် ဧည်မထစပါး မနောသုခ (၅၀)ပေါင် ဆန်စက်အရောက်ဈေးမှာ (၁၈၅၀၀) ဈေးရှိကြောင်း၊ မနောသုခ ထိပ်စအမြင့် ဆန်တစ်အိတ်လျှင် (၆၈၀၀၀) ကျပ်ဖြင့် အရောင်းအဝယ် တွင်ကျယ်နေပြီး ရန်ကုန်ဘုရင့်နောင်ဈေးကွက်ထိ တင်ပို့နေရကြောင်း ဆန်စက် ပိုင်ရှင် ၏ ပြောကြားချက်အရ သိရှိရပါသည်။

            မအူပင်မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦး(ဦးစီးအရာရှိ)က စားသုံးသူကာကွယ်‌ပေးရေးဥပဒေပါ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် လိုက်နာရမည့် ဥပဒေအကြောင်း၊ SMEလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်စေရေးကိစ္စရပ်များကို ရှင်းပြဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)