Main menu

ရေတာရှည်မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် ရေတာရှည်မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးသန့်ဇင်ဝေဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များနှင့်အတူ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၁၃ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် ရေတာရှည်မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များသို့သွားရောက်၍ ရောင်းချမှုနှင့် လက်ကျန်အခြေအနေများကို ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

       ထိုသို့စစ်ဆေးရာတွင် သက်ဆိုင်ရာဌာနဆိုင်ရာများက စက်သုံးဆီတင်သွင်း/သိုလှောင်/ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကထုတ်ပြန်ပေးသည့် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့်အညီ ရောင်းချရေး၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းမပြုစေရေး လုပ်ငန်းရှင်များ၊ ဆိုင်မန်နေဂျာများအား မှာကြားခဲ့ပါသည်။

      စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံက ကြေညာထားသောဈေးနှုန်းများအတိုင်း ရောင်းချစေရေး၊ စားသုံးသူလိုအပ်ချက်ရှိသောအမျိုးအစားကို မှန်ကန်စွာရောင်းချစေရေး၊ အချင်အတွယ်မှန်ကန်စေရေး၊ စားသုံးသူစိတ်ကျေနပ်မှုရှိစေရန် ဝန်ဆောင်မှုပေးနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)