Main menu

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ၊ ကျောင်းကုန်းမြို့နယ် ကညင်သုံးဆင့် အထက ကျောင်းတွင် စားသုံးသူကာကွယ်‌ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး ၊ ကျုံပျော်ခရိုင် ၊ ကျောင်းကုန်းမြို့နယ် ၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်အတူ ကျောင်းကုန်းမြို့နယ် ကညင်သုံးဆင့် အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ/ဆရာမများ ၊ ကျောင်းသူ/ကျောင်းသားများ (၁၅၀) ဦး အား ဒီဇင်ဘာလ (၁၂) ရက်နေ့တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ၊ ဦးတင်ကိုမှ စားသုံးသူကာကွယ်ရေး ဥပဒေ ပါ ပြဌာန်းချက်များ ၊ ရည်ရွယ်ချက်များ ၊စားသုံးသူကာကွယ်ရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် ကော်မရှင် ၏ လုပ်ပိုင်ခွင့်နှင့်လုပ်ငန်းတာဝန်များ ၊ ဦးစီးဌာန၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ၊ စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်များအပြင် စားသုံးသူရေးရာကော်မတီဖွဲ့စည်းခြင်းနှင့် စားသုံးသူရေးရာကော်မတီ၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ ၊ စားသုံးသူ၏ အခွင့်အရေးနှင့် လုပ်ငန်းတာဝန်များ ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ ၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှု၏ အာမခံချက် သတ်မှတ်ချက်များနှင့် စပ်လျဉ်း၍ မှန်ကန်သော သတင်းအချက်အလက်များ ပေးနိုင်ရန် အတွက် စားသုံးသူ အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(AYA)