Main menu

ကော့သောင်းမြို့ ချောင်းစလန်းကျေးရွာ၌ အသေးစားလူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပို့ချခြင်း

Powered by Drupal

    တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ချောင်းစလန်းကျေးရွာတွင် (၁၅.၁၂.၂၀၂၃) ရက်နေ့ နေ့လယ်(၁၃:၀၀)အချိန်၌ ကော့သောင်းခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သော လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် ကော့သောင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

    အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မြသီတာ (ဦးစီးအရာရှိ)သည် စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ ဌာန၏မျှော်မှန်းချက် (Vision)၊ ရည်မှန်းချက်(Mission)၊ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာလျှင် ပြန်လည်ကုစားခွင့်၊ တိုင်ကြားနိုင်သည့်နည်းလမ်းများ စသည့်အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းသိရှိ ရပါသည်။           

DOCA(တနင်္သာရီ)