Main menu

ဘားအံမြို့နယ်၊ ဘားကပ်ကျေးရွာတွင်း လက်လီအရောင်းဆိုင်များသို့ ထုတ်ကုန်လုံခြုံစိတ် ချရမှု ရှိစေရေးကွင်းဆင်းစစ်ဆေး

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးဦးသန်းဦး၊ ဘားအံခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် ၁၃-၁၂-၂၀၂၃ ရက်နေ့တွင် ဘားအံမြို့နယ် ဘားကပ်ကျေးရွာရှိ လက်လီကုန်စုံ ဆိုင်များသို့ ကွင်းဆင်း၍ ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ထုတ်ကုန်များ၌ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာ၌ မြန်မာလို ပြည့်စုံမှန်ကန်စွာ ဖော်ပြထားခြင်း ရှိ/မရှိ၊ သက်တမ်းလွန်ခြင်း ရှိ / မရှိနှင့် သက်ဆိုင်ရာဌာန များ ၏ ထောက်ခံချက်များ ပြည့်စုံစွာ လျှောက်ထားခြင်း ရှိ/ မရှိ တို့ကို စစ်ဆေးခဲ့ကြောင်း သိရသည်။

       စားသုံးသူရေးရာ ဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် “စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရန်” အတွက် ထုတ်ကုန်လုံခြုံစိတ်ချရမှု လုပ်ငန်းများကို စက်ရုံများ၊ ဈေးများ၊ ကျောင်းများနှင့် ရပ်ကွက် လက်လီ/လက်ကားဆိုင်များတွင် စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။

DOCA(ကရင်)