Main menu

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ E-commerce PlatForm       ဈေးကွက်အတွင်း ကုန်ပစ္စည်းများ ကြော်ငြာ၍ ရောင်းချနိုင်ပြီ

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က  Digital E-commerce PlatForm တစ်ခုတည်ဆောက်ထားပြီး ပြည်တွင်းမှ လုပ်ငန်းရှင်များ Exporter များ၊ MSME  လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်ကုန်ပစ္စည်းများကို ပြည်တွင်း၊ ပြည်ပမှ Buyer  များနှင့် ချိတ်ဆက်ရောင်းဝယ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်၊၊

    ပြည်တွင်းသာမက ပြည်ပမှကုမ္ပဏီများ လုပ်ငန်းရှင်များကလည်း ၎င်းတို့၏ ကုန်ပစ္စည်းများကို E-commerce PlatForm တွင် ပါဝင်ရောင်းချနိုင်မည်ဖြစ်သလို  လု်ပငန်းရှင်အချင်းချင်း အရောင်းအဝယ်ပြုလုပ်နိုင်ပြီး ပြည်တွင်းထုတ်ကုန်များကိုလည်း ပြည်ပသို့တင်ပို့ရောင်းချနိုင်ရန် အခွင့်အလမ်းကောင်းများ ပိုမိုရရှိလာမှာဖြစ်ပါသည်၊၊

    ထုတ်ကုန်ပစ္စည်းတစ်ခုခြင်းစီ၏ အချက်အလက်များထုတ်လုပ်သည့် ကုမ္ပဏီ /လုပ်ငန်းရှင်၏ အချက်အလက်များ ဆက်သွယ်ရမည့် လိပ်စာကုန်ပစ္စည်းတန်ဖိုး ထုတ်လုပ်သည့်ပမာဏ တို့ကို အသေးစိတ်ဖော်ပြထားမည်ဖြစ်ပြီး ကုမ္ပဏီ/လုပ်ငန်းရှင်အချင်းချင်း PlatForm ပေါ်တွင် တိုက်ရိုက် ချိတ်ဆက်အရောင်းအဝယ်ပြုလုပ်နိုင်မှာဖြစ်ကြောင်း ၊ ဧရာဝတီတိုင်းဒေသကြီး မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရသည်၊၊

DOCA(ဧရာဝတီ)