Main menu

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြည်ပဝင်ငွေရရှိနေသော CMP အထည်ချုပ် လုပ်ငန်းမှ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးလျက်ရှိ

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီးအတွင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုမိန့်ထုတ်ပေးထားပြီး ပြည်ပနိုင်ငံသားများ ရာနှုန်းပြည့်လာရောက် ရင်းနှီးမြှုပ်နှံလျက်ရှိသော ပုသိမ်မြို့စက်မှုဇုန်တွင် Amava Apparel Co,Ltd ၊ China Moon Sports Myanmar ၊ Dong Long ( Pathein) Garment ၊ Harkers Enterprise Myanmar Co,Ltd ၊ Huabo Times Textile and Clothing Co,Ltd ၊ Myanmar Knitting Factory Ltd ၊ North Shore Group Co,Ltd ၊ Shaung Xi Garment ၊ VentDest Co,Ltd ၊ CMP အထည်ချုပ်စက်ရုံ  (၉) ရုံ၊ ကန်ကြီးထောင့်မြို့တွင် Huameng CMP အထည်ချုပ်စက်ရုံ (၁) ရုံ ၊ ဒေးဒရဲမြို့၊ တော်ကျိုက်ကျေးရွာအုပ်စုတွင်  Jeong Ho International Co,Ltd CMP အထည်ချုပ်စက်ရုံ (၁) ရုံ နှင့် မအူပင်မြို့နယ် ညောင်ဝိုင်းကျေးရွာတွင် New Talent Industrial Co,Ltd ၊ Wilkes Myanmar Co,Ltd CMP အထည်ချုပ်စက်ရုံ (၂) ရုံနှင့်  Shengze Golves Co,Ltd CMP လက်အိတ်ချုပ်စက်ရုံ (၁) ရုံ စုစုပေါင်း တိုင်းဒေသကြီးအတွင်း CMP အထည်ချုပ်စက်ရုံ (၁၄) ရုံ အားခွင့်ပြုပေးခဲ့ကြောင်း တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်၊၊

          အဆိုပါ အထည်ချုပ်လုပ်ငန်းအတွက် ကုန်ကြမ်းများကို ပြည်ပမှတင်သွင်းပြီး အဝတ်အထည်ကုန်ချောများ ထုတ်လုပ်၍ နိုင်ငံခြားဝင်ငွေ ရှာဖွေပေးလျက်ရှိရာ ပြည်ပနိုင်ငံသားများ လာရောက်ရင်းနှီးမြှုပ်နှံမှုရှိသည့်အတွက်  CMP အထည်ချုပ်လုပ်ငန်းများတွင် ဒေသခံပြည်သူ ကျား ၈၆ ဦး ၊ မ ၁၀၇၀၆ ဦး စုစုပေါင်း ၁၁၅၂၂ ဦး အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်၊၊

DOCA(ဧရာဝတီ)