Main menu

စားအုန်းဆီဖြန့်ဖြူးရောင်းချမှု စနစ်တကျရှိစေရေး ကွင်းဆင်းစစ်ဆေး

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးဦးသန်းဦး၊ ဘားအံခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် ၁၃-၁၂-၂၀၂၃ ရက်နေ့တွင် ဘားအံမြို့နယ် ဘားကပ်ကျေးရွာရှိ စားအုန်းဆီအရောင်းဆိုင်များသို့ ကွင်းဆင်း၍စားအုန်းဆီများ ရောင်းချမှုစနစ်တကျရှိစေရေး စစ်ဆေးခဲ့ကြောင်း သိရသည်။

      ထိုသို့ကွင်းဆင်းစိစစ်ရာတွင် သတ်မှတ်ရည်ညွှန်ဈေးဖြင့် ဖြန့်ဖြူးရောင်းချသော စားအုန်းဆီ အရောင်းဆိုင်များအနေဖြင့် ရည်ညွှန်းဈေးအတိုင်း ရောင်းချမှု ရှိစေရေး၊ အလေးချိန်အရေအတွက် နှင့် အရည်အသွေးပြည့်မီစေရေး၊ သတ်မှတ်အရေအတွက်အတိုင်း ဖြန့်ဖြူးရောင်းချစေရေးတို့အား စိစစ်ကြပ်မတ်ခဲ့ကြောင်းသိရသည်။

      ကရင်ပြည်နယ်တွင် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဖြန့်ဖြူးသော အရောင်းဆိုင်များကို ဘားအံမြို့နယ်တွင် ၁၈ နေရာနှင့် လှိုင်းဘွဲ့မြို့နယ်တွင် ၃ နေရာ စုစုပေါင်း လက်လီအရောင်းဆိုင် ၂၁ ဆိုင်မှ စားသုံးသူပြည်သူများထံသို့ သတ်မှတ်ဈေးအတိုင်း တိုက်ရိုက် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)