Main menu

မကွေးမြို့၊ ကန်သာစျေး၌ စားသုံးဆီများအား အထူးစျေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

     မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် စားအုန်းဆီစျေးနှုန်းတည်ငြိမ်စေရန် မကွေးတိုင်းဒေသကြီးဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် မကွေးမြို့နယ်ရှိ စျေးများနှင့် ရပ်ကွက်ကုန်စုံဆိုင်များအား စားအုန်းဆီ (၁)ပိဿာလျှင် ကျပ်(၅၂၀၀)နှုန်းကို အထိုင်စနစ်ဖြင့်ရောင်းချရန် ဖြန့်ဖြူးပေးထားကြောင်းသိရှိရပါသည်။

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးမြို့နယ်တာဝန်ခံသည် စျေးတာဝန်ခံ (စည်ပင်သာယာရေးအဖွဲ့) စျေးကော်မတီများနှင့်ပူးပေါင်း၍ မကွေးမြို့၊ ကန်သာစျေး၌ အထိုင်စနစ်ဖြင့်ရောင်းချရန် ခွဲတမ်းရရှိထားသော စားအုန်းဆီလက်လီအ‌ရောင်းဆိုင်(၁၄)ဆိုင်အား ရရှိထားသောခွဲတမ်းများအတိုင်း အမှန်တကယ်ရောင်းချမှုရှိ/မရှိ၊ ရောင်းချရာ၌ သတ်မှတ်ရည်ညွှန်းစျေးနှုန်းများအတိုင်း ရောင်းချမှုရှိ/မရှိနှင့် အလေးချိန်ပြည့်ဝမှန်ကန်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ လက်လီအရောင်းဆိုင်များအနေဖြင့် ခွဲဝေရရှိသောခွဲတမ်းအတိုင်း ဗီနိုင်းဆိုင်းဘုတ်များကပ်၍ တိုကင်ကတ်များဝေပြီး သတ်မှတ်ရည်ညွှန်းစျေးနှုန်းများအတိုင်း ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)