Main menu

မကွေးမြို့၊ မြို့မစျေး၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး Campaign ပူးပေါင်းဆောင်ရွက်ခြင်းနှင့် အသင့်သောက်အချိုရည်များအား စျေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

     မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ စျေးများ၌ အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး Campaign ဆောင်ရွက်လျက်ရှိရာ (၁၁-၁၂-၂၀၂၃)ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် မကွေးမြို့၊ မြို့မစျေး၌ စည်ပင်သာယာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပူးပေါင်း၍ဆောင်ရွက်ခဲ့ကြပါသည်။

  ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စျေးတာဝန်ခံ (စည်ပင်သာယာရေးအဖွဲ့)တို့ပူးပေါင်းပြီး မကွေးမြို့၊ မြို့မစျေးရှိ ကုန်မျိုးစုံအရောင်းဆိုင်(၄)ဆိုင်၌ရှိ အသင့်သောက်အချိုရည်အမျိုးမျိုးအား  စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာပါဝင်မှုရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)