Main menu

မကွေးခရိုင်အတွက် ခွဲတမ်းရရှိသည့် စားအုန်းဆီများအား ဖြန့်ခွဲနိုင်‌ရေး ခရိုင်/ မြို့နယ်ဆီကုန်သည်လုပ်ငန်းရှင်များနှင့်ဆွေးနွေးပွဲကျင်းပ

Powered by Drupal

  မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်အတွက် ခွဲတမ်းရရှိသော ရုံးပိတ်ရက်မပါ တစ်ရက်ဆီပေပါ (၂၁၀)လုံးအား မြို့နယ်အလိုက် ပြန်လည်ခွဲဝေဖြန့်ဖြူးရန် အစည်းအဝေးအား (၁၁-၁၂-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် မကွေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မကွေးခရိုင်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မကွေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ထူး (မကွေးမြို့နယ်၊ တောင်တွင်းကြီးမြို့နယ်၊ နတ်မောက်မြို့နယ်နှင့် မြို့သစ်မြို့နယ်) မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံများ၊ မကွေးတိုင်း/ ခရိုင်/ မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှ ဥက္ကဋ္ဌအပါအဝင် ဆီကုန်သည် (၃၀)ဦးတို့တက်‌‌ရောက်ခဲ့ကြပါသည်။

      အဆိုပါ အစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးက ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလမှစ၍ ခရိုင်အလိုက် ခွဲဝေချထားပေးသည့် စားအုန်းဆီခွဲတမ်းအတိုင်း အချိန်မီငွေပေးသွင်းခြင်း၊ နေ့အလိုက် ဆီထုတ်ယူခြင်း၊ သက်ဆိုင်ရာဒေသအရောက် စားအုန်းဆီ(၁)ပိဿာစျေးနှုန်းအပေါ် (၂%)အမြတ်ထက်မပိုသောစျေးနှုန်းတို့ဖြင့် စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရန်၊ မကွေးခရိုင်အတွက် ခွဲတမ်းရရှိသော တစ်ရက်ဆီပေပါ (၂၁၀)လုံးခွဲဝေရရှိမှုအပေါ် မြို့နယ်အလိုက် တာဝန်ယူဖြန့်ဖြူးရောင်းချမည့် ဆီကုန်သည်အမည်စာရင်းနှင့် ဆီထုတ်ကိုယ်စားလှယ်အမည်စာရင်းတို့ကို ခရိုင်ကုန်စျေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းကော်မတီ၏ အတည်ပြုချက်ရယူပြီး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် မိမိတို့ခရိုင်/ မြို့နယ်အတွင်း ဆီပြတ်လပ်မှုမရှိစေရေးနှင့် စျေးနှုန်းတည်ငြိမ်ရေးတို့အတွက် မကွေးခရိုင်အတွင်းရှိ မြို့နယ်အားလုံးရှိ ဆီကုန်သည်များအား ပွင့်လင်းမြင်သာစွာချပြဆွေးနွေးခဲ့ပြီး ဆီကုန်သည်များအားလုံးသို့ မျှမျှတတခွဲဝေချထားပေးရန်၊ စျေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်း၊ စျေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုလုပ်ရန်နှင့် ရောင်းချရာတွင် နေရာဒေသအနှံ့ရောက်အောင် ပြန့်ပြန့်နှံ့နှံ့ရောင်းချပေးရန် ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)