Main menu

မြို့သစ်မြို့၊ မြို့မအခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပ

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့်  မကွေးခရိုင်၊ မြို့သစ်မြို့နယ်တာဝန်ခံ ဦးဆယ်မောင်(ဒုတိယဦးစီးမှူး)သည် (၁၁-၁၂-၂၀၂၃)ရက်နေ့၊ နံနက်(၀၉း၃၀)နာရီအချိန်တွင် မြို့မအခြေခံပညာအလယ်တန်းကျောင်းခွဲ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

    ထိုသို့ အသိပညာပေးဆွေးနွေးရာတွင် ဌာန၏သမိုင်းကြောင်း၊ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်၊ ယခုဌာန၏ ဆောင်ရွက်နေသည့်လုပ်ငန်းများအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများတွင် ဖော်ပြရမည့်အချက်(၈)ချက်အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းခဲ့ပြီး ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှသာလျှင် သုံးစွဲစေလိုကြောင်း၊ မိမိတို့သည် ယခုကဲ့သို့ စားသုံးသူမိဘပြည်သူများကို အသိပေးခြင်းသာမက လုပ်ငန်းရှင်များထံသို့ ကုန်အညွှန်းအမှတ်အသားများတွင် ထည့်သွင်းရမည်အချက်များပြည့်စုံစွာပါဝင်နိုင်ရေးအတွက်လည်း ဌာနအနေဖြင့် သွားရောက်ဆွေးနွေးအသိပညာပေးကြောင်း၊ စားသုံးသူများနစ်နာဆုံးရှုံးမှုတစ်စုံတစ်ရာရှိခဲ့လျှင် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC)၊ DOCA Myanmar Mobile Application၊ www. doca. gov. mm၊ Comsumer Call Center No.(1535)သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသေးစိတ်အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာဆောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)