Main menu

မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး၌ Thursday Talk အသိပညာပေးဟောပြောဆွေးနွေးပွဲ(၁၁/၂၀၂၃) ကျင်းပ

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ (၁၄-၁၁-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursday Talk အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

     ပထမဦးစွာ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ဝန်ထမ်းတစ်ဦးချင်း Capacity ပြည့်ဝစေရေး၊ စွမ်းဆောင်ရည်မြင့်မားစေရေးအတွက် Thursday Talk အသိပညာပေးသင်တန်းများ ကျင်းပရခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပိုချသည့်အကြောင်းအရာများကို သေချာစွာလေ့လာမှတ်သားကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မွန်မွန်သက်(ဒုတိယဦးစီးမှူး)က Online Shop အကြောင်းသိကောင်းစရာများကိုလည်းကောင်း၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဦးအောင်ဖြိုးဝေ (ဒုတိယဦးစီးမှူး)က Recall and Ban အကြောင်းကိုလည်းကောင်း၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်ရွှေ (ဒုတိယကြီးကြပ်ရေးမှူး)က စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းအကြောင်းကိုလည်းကောင်း၊  မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ စီမံရေးရာဌာနခွဲမှ ဦးသိန်းဦး (ဌာနခွဲစာရေး)က ခွင့်အမျိုးအစားအကြောင်း သိကောင်းစရာများအကြောင်းကိုလည်းကောင်း Power Point များဖြင့် ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက် လာသည့်ဝန်ထမ်းများ၏ သိရှိလိုသည်များကို မေးမြန်းမှုအပေါ် အပြန်အလှန်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပြီး နေ့လယ် (၁၂း၀၀) နာရီအချိန်တွင် ဟောပြောဆွေးနွေးပွဲရုပ်သိမ်းခဲ့ပါသည်။ အဆိုပါသင်တန်းသို့ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူးများနှင့် ဌာနတာဝန်ခံများ၊ အရာထမ်း/ အမှုထမ်းများ၊ စုစုပေါင်း (၃၆) ဦးတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)