Main menu

မြိတ်မြို့၊ ကန်ဖျားလမ်းမကြီး၊ ကန်ဖျားရပ်၊ ရသာစုံမုန့်တိုက်ရှိ မုန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

          တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ၁၅.၁၂.၂၀၂၃ ရက်နေ့တွင် မြိတ်မြို့၊ ကန်ဖျားလမ်းမကြီး၊ ကန်ဖျားရပ်၊ ရသာစုံမုန့်တိုက်သို့ သွားရောက်၍ မုန့်တိုက်လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။

          ထို့သို့တွေ့ဆုံဆွေးနွေးရာတွင် ဘေးအန္တရာယ်ကင်းရှင်း၍ သန့်ရှင်းလတ်ဆတ်သောမုန့်များ ထုတ်လုပ်နိုင်ရေး၊ သက်တမ်းလွန်မုန့်များမရှိစေရေးအတွက်အထူးဂရုပြုဆောင်ရွက်ကြရန်နှင့် မုန့်များထုတ်လုပ်ရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြနိုင်ရေးတို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)