Main menu

ပုဂံဒေသ၏ အဝတ်အထည်ချုပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦး ခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးသန်းစိုးသည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူး ဒေါ်သီတာထွန်းနှင့်ဝန်ထမ်းများသည် (၁၈-၁၂-၂၀၂၃)ရက်နေ့၊ နံနက် ၀၉:၃၀ နာရီ အချိန်တွင် အဝတ်အထည်ချုပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်စေရေးတို့အတွက် ညောင်ဦးမြို့နယ်အတွင်းရှိ ပုဂံဒေသလက်ဆောင်ဖြစ်သည့် အဝတ်အထည်ချုပ်လုပ်ငန်း (၅)နေရာအား ကွင်းဆင်းလေ့လာ စာရင်းကောက်ယူခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

   ပုဂံ၊ ညောင်ဦးဒေသသည် ပြည်တွင်းပြည်ပ ခရီးသွားများ အများဆုံးလာရောက်လည်ပတ်သည့် ဒေသတစ်ခုဖြစ်ပြီး ဒေသထွက်ကုန်များကိုလည်း ခရီးသွားများမှ ဝယ်ယူသုံးစွဲလျက်ရှိပါသည်။ ယွန်းထည်ပစ္စည်းလုပ်ငန်း၊ ပုန်းရည်ကြီးလုပ်ငန်းများသည် ပုဂံဒေသ၏ အထင်ကရ ထုတ်ကုန် ပစ္စည်းများဖြစ်ပြီး၊ ယခုအခါ အဝတ်အထည်လုပ်ငန်းများလည်း ထုတ်လုပ်မှု၊ ရောင်းဝယ်မှုများ တွင်ကျယ်လာပြီး ပုဂံဒေသ၏ တတိယထွက်ကုန်အဖြစ် လူသိများလာပါသည်။ ပုဂံဒေသတွင် လက်ရှိထုတ်လုပ်နေသော အသေးစား၊ အလတ်စား အထည်ချုပ်လုပ်ငန်းများကို အသေးစားမှသည် အလတ်စားသို့၊ အလတ်စားမှသည် အကြီးစားလုပ်ငန်းရှင်များအဖြစ်သို့ ထိုမှတဆင့် အခြားဒေသမြို့ကြီးများနှင့် နိုင်ငံတကာအထိ ထိုးဖောက်တင်ပို့ရောင်းချနိုင်ရေး တဆင့်ပြီးတဆင့် သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)