Main menu

ဓနုဖြူမြို့နယ်ရှိ မူလတန်းကျောင်း၌ ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည်  (၈-၁၂-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဓနုဖြူမြို့နယ်၊ ပေါက်ကုန်းကျေးရွာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြပါသည်။

      အဆိုပါဟောပြောပွဲတွင်  ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှ ဦးခိုင်လွမ်းမိုးက စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ စားသုံးသူအခွင့်အရေးများအကြောင်းကိုရှင်းလင်းခဲ့ပြီး ကျောင်းသား/ ကျောင်းသူများအား ကုန်စည်တစ်ခုကို နမူနာပြကာ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ရွေးချယ်ဝယ်ယူတတ်စေရန် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ၎င်းနောက်း ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဖော်ပြပါဝင်ရမည့်အချက်အလက်မျာအကြောင်းကိုရှင်းလင်းခဲ့ပြီး စားသုံးသူများအနေဖြင့် မိမိအခွင့်အရေးနစ်နာဆုံးရှုံးမှုရှိလာပါ နစ်နာမှုများကို တိုင်ကြားနိုင်သည့်အကြောင်း၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ခြင်းနှင့် အရေးယူဆောင်ရွက်ခြင်းများကို အသိပညာပေးဆွေးနွေးခဲ့ပြီးနောက် ကျောင်းသား/ ကျောင်းသူ (၆၅)ဦးတက်ရောက်ခဲ့ပြီး သိရှိလိုသည်များမေးမြန်းခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)