Main menu

ဓနုဖြူမြို့ရှိ ပဲကြက်ခေါက်မုန့်လုပ်ငန်းအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှ  ဦးခိုင်လွမ်းမိုး (အငယ်တန်းစာရေး)သည်  (၁၁-၁၂-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဓနုဖြူမြို့၊အမှတ် (၁၁)ရပ်ကွက်၊ (၂)လမ်းရှိ ပိုင်ရှင်ဒေါ်လှလှမြင့်၏ ပဲကြက်ခေါက်မုန့်လုပ်ငန်းခွင်သို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် ကွင်ဆင်းစစ်ဆေး အသိပညာပေးဆောင်ရွက်ခြင်းပြုလုပ်ခဲ့ပါသည်။

  အဆိုပါကွင်ဆင်းဆောင်ရွက်မှုတွင် ဦးခိုင်လွမ်းမိုးက တစ်နိုင်တစ်ပိုင်လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော ပဲကြက်ခေါက်လုပ်ငန်းရှင် ဒေါ်လှလှမြင့်နှင့်တွေ့ဆုံ၍ မုန့်လုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့်ကိုမေးမြန်းပြီး ကုန်ကြမ်းဝယ်ယူမှုအတွက် တစ်နေ့တာအသုံးပြုကုန်ကျစရိတ်နှင့် ထွက်ရှိသောမုန့်များ တွက်ခြေကိုက်အကျိုးအမြတ်ရရှိမှုအခြေအနေများ၊ မုန့်များ ဈေးကွက်ဖြန့်ချိမှုလုပ်ငန်းအဆင့်ဆင့်ကို ပိုင်ရှင်က ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)အရ ကုန်အညွှန်းအမှတ်အသားဖော်ပြပါဝင်ရမည့် အချက်အလက်များအကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်တာဝန်များအကြောင်းကိုလည်းကောင်း၊ စားသုံးသူဘေးအန္တရာယ်ကင်းရှင်သောကုန်စည်များကို ဈေးကွက်အတွင်းဖြန့်ချိနိုင်ရေး ပဲကြက်ခေါက်မုန့်လုပ်ငန်း Packing ထုပ်ပိုးမှုအဆင့်မြှင့်တင်နိုင်ရေးနှင့် မုန့်လုပ်ငန်းတို့အား စားသောက်ကုန်လုံခြုံစိတ်ချရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ မုန့်ထုတ်လုပ်သောကုန်ကြမ်းနှင့်လုပ်ငန်းခွင်များ၌ ကျန်းမာရေးနှင့်ညီညွတ်မှုရှိစေးရေးတို့ကို အကျယ်တဝင့်ရှင်းလင်းအသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)