Main menu

ပန်းတနော်မြို့နယ်ရှိ ဆန်စက်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်ဦးစီးမှူးရုံးကိုယ်စား မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့်အဖွဲ့သည်  (၈-၁၂-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ပန်းတနော်မြို့ ၊ ပေပင်ခြောက်ကျေးရွာရှိ ဆန်စက်လုပ်ငန်းရှင်(၅)ဦးအား စားသုံးသူအသိပညာပေးဟောပြောခဲ့ကြပါသည်။

 ဟောပြောပွဲတွင် ခရိုင်ဦးစီးမှူးဦးဇော်မင်းနှင့် ဝန်ထမ်းများက ပန်းတနော်ပေပင်ခြောက်ကျေးရွာရှိ ဆန်စက်လုပ်ငန်းရှင်များအား မိမိတို့ဦးစီးဌာနသည် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ဆန်စက်လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးအသိပညာပေးဆောင်ရွက်လျက်ရှိပြီး ပေပင်ခြောက်ကျေးရွာရှိ ဆန်စက်ကြိတ်ခွဲမှု၊ ဆန်/စပါးဝယ်ယူမှုနှင့် ဆန်စပါးဈေးကွက်အခြေအနေများ၊ ဆန်တင်ပို့မှု/ထွက်ရှိမှု၊ ဆန်စက်အဆင့်မြင့်တင်နိုင်ရေးအခြေအနေများကို ပထမဦးစားပေးဆွေးနွေးခဲ့ကြပြီးနောက် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းကိုရှင်းလင်းခဲ့ပါသည်။ ၎င်းနောက် စီးပွားရေးလုပ်ငန်းရှင်လိုက်နာရမည့်တာဝန်များအကြောင်းနှင့် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးနှင့်ပြည့်မီသေ ာကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း၊ စားသုံးသူမိဘပြည်သူများအနေဖြင့်လည်း စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကိုသိရှိလိုပါက  Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)