Main menu

မအူပင်မြို့၊ (အ.မ.က) တွင် စာသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့်ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၈-၁၂-၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် မအူပင်မြို့၊ ငါးပိအိုင်(အ.မ.က) ကျောင်းတွင် ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဥပဒေများအကြောင်း အသိပညာပေးဟောဆွေးနွေးခဲ့ပါသည်။

    အဆိုပါဆွေးနွေပွဲတွင် ငါးပိအိုင်(အ.မ.က) ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် စားသုံးသူကာကွယ်ရေးသိကောင်းစရာများနှင့်ပတ်သက်၍ မှတ်သားထားကြပြီး အမြဲတမ်းကျင့်သုံးလိုက်နာသွားကြရန်နှင့် အခြားဌာနဆိုင်ရာများ၏ ရှင်းလင်းအသိပညာပေးမှုများကိုပါ လိုက်နာမှတ်သားကျင့်သုံးကြရန် ကျောင်းသားများအား မှာကြားခဲ့ပြီး အသိပညာပေးလာရောက်ပြောကြားသော ဌာနဆိုင်ရာမှ ဆရာ/ဆရာမများကို ကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးက စားသုံးသူရေးရာဦးစီးဌာန၏ ရည်မှန်းချက်(Vision)၊ မျှော်မှန်းချက်(Mission) အနက်အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် စားသုံးသူရေးရာဦးစီးဌာနဖြစ်ပေါ်လာပုံအကြောင်းကို ရှင်းလင်းပြောကြားခဲ့ကာ ကျောင်းသား/သူများအနေဖြင့် မိမိတို့လိုအပ်ချက်အရ ကုန်စည်/ဝန်ဆောင်မှုကိုဝယ်သူသုံးစွဲရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)၊ ပုဒ်မ(၄၁)ဖော်ပြချက်နှင့် ကုန်စည် (သို့မဟုတ်)ဝန်ဆောင်မှုနှင့်ပတ်သတ်၍ စားသုံးသူအခွင့်အရေး(၈)ချက်၊ စားသုံးသူတာဝန် (၄)ချက်တို့ကိုလည်းကောင်း၊ ကုန်ပစ္စည်းများပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိမှုပြည့်စုံစွာပါဝင်မှုရှိ/မရှိ သေချာစွာလေ့လာဖတ်ရှုပြီးမှသာ ဝယ်ယူသုံးစွဲသင့်ကြောင်းကို အကျယ်တဝင့်အသိပညာပေးဆွေးနွေးခဲ့ပါသည်။

   စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ဌာနတွင်ဖွင့်လှစ်ထားသည့် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးခန်းသို့ လာရောက်တိုင်ကြားနိုင်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကိုလေ့လာရန်နှင့် တိုင်ကြားလိုပါက ဌာန၏ Website ဖြစ်သည့် www.doca.gov.mm တွင် ဝင်ရောက်တိုင်ကြားနိုင်ကြောင်း၊ DOCA Myanmar Mobile Application တွင်လည်း ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Consumer Call Center (1535)ကိုခေါ်ဆို၍လည်း မေးမြန်းတိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသား/သူများ၏မေးမြန်းချက်များကို အကျယ်တဝင့်ပြန်လည်ရှင်းလင်းဖြေကြားကာ ဟောပြောပွဲသို့ ကျောင်းသား/သူ  (၁၆၀)ခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)