Main menu

ကန့်ဘလူမြို့နယ်တာဝန်ခံရုံးတွင် စားဖိုဆောင်သီးနှံများစိုက်ပျိုး

Powered by Drupal

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးတွင် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန် မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများစားဝတ်နေရေး အတွက် အထောက်အပံ့ဖြစ်စေရန် မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းမှ ရာသီချိန်အလိုက် စားဖို ဆောင်သီးနှံများကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားကြောင်း သိရသည်။

          ထိုသို့စားဖိုဆောင်သီးနှံများကိုစိုက်ပျိုးရာတွင် ရာသီချိန်အလိုက်စိုက်ပျိုးလျက်ရှိရာ ယခုအခါ တွင် ခရမ်းပင် ၊ ခရမ်းချဉ်ပင် ၊ မုန့်ညှင်းရွက် ၊ ကြက်သွန်မြိတ်၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်နှင့် ပဲတောင့်ရှည် စသည်တို့ကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားရှိကြောင်း၊ ကိုယ်တိုင်စိုက်ပျိုးသည့်အတွက် ပိုးသတ်ဆေး ဓာတ်ကြွင်းအန္တရာယ်မှလည်း ကာကွယ်ပြီးဖြစ်ကြောင်း၊ ချက်ပြုတ်စားသုံးရာတွင်လည်း လတ်လတ်ဆတ်ဆတ် စားသုံးရသည့်အတွက် ကျန်းမာရေးအတွက်လည်းအထောက်အကူ ပြုကြောင်း၊ ဆက်လက်၍ ရာသီအလိုက်စားဖိုဆောင်သီးနှံများကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)