Main menu

ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲနှင့် Thursday Talk အသိပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၏ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲကို ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၂၉ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်ဝန်ထမ်းအင်အား (၂၇)ဦးတက်ရောက်ခဲ့ကြပြီး  ခရိုင်ဦးစီးမှူးရုံးများမှ Zoom Meeting ဖြင့် တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲတွင် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင်မိုးအောင်က ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ရန်အချက်များကို လမ်းညွှန်မှာကြားခဲ့ပြီး တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ခရိုင်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများက တင်ပြရန်ရှိသည်တို့ကို ပြန်လည်ဆွေးနွေးတင်ပြခဲ့ကြောင်းသိရှိရပါသည်။

   ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲနှင့်အတူ နှစ်ပတ်လျှင်(၁)ကြိမ် ကျင်းပပြုလုပ်သည့် (Thursday Talk) အသိပညာပေးဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ အသိပညာပေးဆွေးနွေးပွဲအား ဒုတိယတိုင်းဒေသကြီးဦးစီးမှူးဦးဆောင်၍ တက်ရောက်ဝန်ထမ်းအင်အား(၂၇)ဦးဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

   အဆိုပါ Thursday Talk အသိပညာပေးဆွေးနွေးပွဲ၌ စီမံရေးရာဌာနခွဲမှ ဒေါ်ခိုင်သင်းရီ၊ အငယ်တန်းစာရေးက ဦးရဲဦး- မြန်မာပြန်၏ “နှုတ်ချို သျှိုတစ်ပါး ခေါင်းစဉ်ဖြင့် အကျယ်တဝင့်ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်သူများက ပြန်လည်မေးမြန်းခြင်း၊ အမေးအဖြေကဏ္ဍများဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)