Main menu

သင်္ဃန်းကျွန်းဈေးအတွင်းရှိ စားသောက်ကုန်များအား စစ်ဆေး

Powered by Drupal

  ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၈-၁၁-၂၀၂၃ ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ (ဈေးများဌာန) နှင့်ပူးပေါင်း၍ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သင်္ဃန်းကျွန်းဈေးအတွင်းရောင်းချနေသော အသင့်သောက်ရေသန့်အမျိုးမျိုး (အမှတ်တံဆိပ်မျိုးစုံ)နှင့် အခြားစားသောက်ကုန်တို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

   အဆိုပါ သောက်ရေသန့်အမျိုးမျိုး (အမှတ်တံဆိပ်မျိုးစုံ)နှင့် အခြားကုန်စည်များတို့တွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ကိုက်ညီမှုရှိကြောင်းစစ်ဆေးတွေ့ရှိရပြီး နောင်တွင်လည်း စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရောင်းချပေးစေလိုကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)