Main menu

ကန့်ဘလူမြို့ရှိ စက်သုံးဆီအရောင်ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့်ဝန်ထမ်း(၁)ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့မရဲစခန်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ (၂၈-၁၁-၂၀၂၃)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ “ရွှေဝါဝင်း”စက်သုံးဆီအရောင်းဆိုင်သို့သွားရောက်၍ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချနေခြင်းရှိ/မရှိကို ကွင်းဆင်းစိစစ်ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။

     ထိုသို့စစ်ဆေးရာတွင် စက်သုံးဆီတင်သွင်း/ဖြန့်ဖြူး/ရောင်းချနေသည့် လုပ်ငန်းရှင်အနေဖြင့် တရားမဝင် စက်သုံးဆီ၊ ချောဆီများတင်သွင်း/ဖြန့်ဖြူး/ရောင်းချနေခြင်းကိုစစ်ဆေးတွေ့ရှိရပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ နေ့စဉ်ထုတ်ပြန်သော စက်သုံးဆီရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းမရှိစေရေး၊ ပြည်သူများအဆင်ပြေစွာဝယ်ယူနိုင်ရန် စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေးနှင့် စက်သုံးဆီများကို အချင်အတွယ်မှန်ကန်စွာရောင်းချနိုင်ရေး ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန်လိုအပ်ကြောင်းပြောကြားခဲ့ပြီးနောက် စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)