Main menu

ဟုမ္မလင်းမြို့၊ ငါးလုပ်ငန်းဉီးစီးဌာနတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခြင်း

Powered by Drupal

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဉီးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးအောက်ရှိ ဟုမ္မလင်းမြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းဝင်း(ဒု-ကြီးကြပ်ရေးမှူး) သည် အောက်တိုဘာလ ( ၂၂ ) ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်၌  ဟုမ္မလင်းမြို့ရှိ ငါးလုပ်ငန်းဦးစီး ဌာနသို့ သွားရောက်၍ ဝန်ထမ်း ( ၃၀ )ဦးတို့အား စားသုံးသူအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ် ခဲ့ပါသည်။

      အဆိုပါအသိပညာဟောပြောပွဲတွင်  ဟုမ္မလင်းမြို့ငါးလုပ်ငန်းဦးစီးဌာန၊ ဒေါ်မြင့်မြင့်လှိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဉီးစီးဌာန၊ ဟုမ္မလင်းမြို့နယ်တာဝန်ခံ  ဒေါ်ခင်စန်းဝင်း (ဒု-ကြီးကြပ်ရေးမှူး)က ဌာနမှဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအကြောင်း၊ စားသုံးသူများ၏ ရသင့်ရထိုက်သော အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ် အသား ဖော်ပြခြင်းအကြောင်းများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအကြောင်း များ၊ မုန့်မျိုးစုံတွင် ဖော်ပြရမည့် ကုန်အညွှန်း အမှတ်အသား အကြောင်းများ၊ စားသောက်ကုန်၊ အသင့်စားသောက်ကုန်များတွင် စားသုံးသူ ပြည်သူများ သိရှိစေရန်ဖော်ပြသည့် ကုန်အညွှန်းအမှတ်အသားတွင် (မြန်မာဘာသာ၊ မည်သည့်ဘာသာ)နှင့်တွဲ၍ ဖော်ပြချက်များနှင့် ပါဝင်ရမည့်အဓိကအချက်များ၊ ကုန်စည်နှင့် ဝန်ဆောင်မှု အပေါ်ဆုံးရှုံးမှုမရှိစေရေး၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွား နစ်နာဆုံး ရှုံးမှုများရှိပါက တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့်နေရာများကို အသေးစိတ်ရှင်းလင်းခဲ့ပြီး ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများလည်း မိမိတို့သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးပြောကြား ခဲ့ကြောင်း သတင်းရရှိရပါသည်။

DOCA(စစ်ကိုင်း)