Main menu

ဖောင်းပြင်မြို့၊ ကျွန်းရွှေဝါရပ်ကွက်ရှိ အမှတ်-၈၇ ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်

Powered by Drupal

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊စားသုံးသူရေးရာဉီးစီးဌာန၊ ကလေးခရိုင် ဦးစီးမှူးရုံးလက်အောက်ရှိ ဖောင်းပြင်မြို့နယ်မှ တာဝန်ခံ ဦးကျော်သန်းစိန် (ဒု-ဦးစီးမှူး)သည် နိုဝင်ဘာလ ( ၂၂ ) ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်၌   ကျွန်းရွှေဝါရပ်ကွက်ရှိ အမှတ်- ၈၇ ကျောင်းသို့ သွားရောက်၍ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမ ( ၅၀ ) ဦး၊ ကျောင်းသား/သူ ( ၈၀ ) ဦး၊ စုစုပေါင်း ( ၁၃၀ ) ဦးတက်ရောက် ခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါအသိပညာပေးဟောပြောပွဲတွင် အမှတ်- ၈၇ကျောင်းမှ ကျောင်းဆရာကြီး ဉီးဇော်ဝင်းလှိုင်က  အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊  ဖောင်းပြင်မြို့နယ် တာဝန်ခံ  ဦးကျော်သန်းစိန် (ဒု-ဦးစီးမှူး)က စားသုံးသူ၏ အခွင့်အရေး၊ လိုက်နာရမည့်တာဝန်များနှင့် အသင့်စားသောက်ကုန်များတွင် စားသုံးသူများသိရှိစေရန်ဖော်ပြသည့် ကုန်အညွှန်းအမှတ်အသား (မြန်မာဘာသာ/ သက်ဆိုင်ရာဘာသာ) တွဲဖက်ဖော်ပြချက်များနှင့် ပါဝင်ရမည့်အဓိကအချက်များ ၊ ကုန်စည်ဝန်ဆောင်များအပေါ် နစ်နာဆုံးရှုံးမှုများမရှိစေရေး သိရှိလိုက်နာရမည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ပြီး ဟောပြောပွဲအခမ်းအနားကို နံနက် (၁၁:၀၀) နာရီ အချိန်တွင် ပြီးမြောက်ခဲ့ပါကြောင်း သတင်းရရှိရပါသည်။

DOCA(စစ်ကိုင်း)