Main menu

စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးတွင် လစဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) ကျင်းပ

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ (၂၄-၁၁-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်ဦးစီးမှူး ဦးသန်းဦးကိုယ်စား ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်ဦးဆောင်၍ ပြည်နယ်ရုံးမှဝန်ထမ်းများနှင့် လစဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ)ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

     အခမ်းအနားတွင် လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ထုဆန္ဒဖော်ထုတ်ပွဲအား အစီအစဉ်အတိုင်းကျင်းပခဲ့ရာ ရှေးဦးစွာ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် လုံခြုံရေးနှင့်သဘာဝဘေးအန္တရာယ်စီမံချက်များရေးဆွဲရန်၊ ရုံးအဝင်/အထွက်မှတ်တမ်းစာအုပ်ထားရှိရန်နှင့် ဌာနခွဲအလိုက်ဆောင်ရွက်ရမည့် လုပ်ငန်းလျာထားချက်နှင့် အမှန်ဆောင်ရွက်နိုင်မှုအပေါ် အားသာချက်၊ အားနည်းချက်နှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအပေါ် တင်ပြရန်ပြောကြားခဲ့သည်။ အစီအစဉ်အရ ပြည်နယ်ရုံးမှ ဌာနခွဲတာဝန်ခံများက မိမိတို့၏လုပ်ငန်းဆောင်ရွက်နိုင်  မှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်ရမည့်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ဆက်လက်၍ ဝန်ထမ်းထုဆန္ဒဆော်ထုတ်ပွဲအခမ်းအနားတွင် ဝန်ထမ်းများ၏ အခက်အခဲတင်ပြချက်များအပေါ်  ပြည်နယ်ဦးစီးမှူးကိုယ်စား ဦးစီးအရာရှိ  ဦးမျိုးဝင်းနိုင်က  လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

     အစည်းအဝေးတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက် (၁၂)ချက်နှင့် ဝန်းထမ်းထုဆန္ဒဖော်ထုတ်ချက် (၃)ချက်ဖော်ထုတ်နိုင်ခဲ့ပြီး ပြည်နယ်ရုံးမှ ဝန်ထမ်း (၁၅) ဦးတက်ရောက်ခဲ့ကြောင်းနှင့် အစည်းအဝေးကို နေ့လယ် (၁၅း၀၀) နာရီအချိန်တွင်ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(ကရင်)