Main menu

ဆင်ပေါင်ဝဲမြို့၊ မြို့မစည်ပင်သာယာဈေးအတွင်း "ပုဇွန်"အမှတ်တံဆိပ်စားသုံးဆီများရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တာဝန်ခံ ဦးနိုင်ဦး(ဒု-ကြီးကြပ်ရေးမှူး)သည် တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် (၂၁-၁၁-၂၀၂၃)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ မြို့မစည်ပင်သာယာဈေးအတွင်း စားသုံးဆီရောင်းချနေသော ကုန်စုံဆိုင်များ၌ တရားမဝင်တင်းသွင်းလာသည့် "ပုဇွန်" အမှတ်တံဆိပ်ပါ စားသုံးဆီများရောင်းချနေမှုရှိ/မရှိကို ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့မစည်ပင်သာယာဈေးအတွင်း တရားမဝင်တင်သွင်းလာသည့် "ပုဇွန်"အမှတ်တံဆိပ် စားသုံးဆီများကို ရောင်းချမှုးမရှိကြောင်းတွေ့ရှိခဲ့ရပြီး မြို့နယ်ရဲတပ်ဖွဲ့က တရားမဝင်ကုန်ပစ္စည်းများကိုရောင်းချခြင်းမပြုစေရန်နှင့် တရားမဝင်ကုန်ပစ္စည်းများရောင်းချခြင်းကိုတွေ့ရှိပါက ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း၊၎င်းနောက် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးနိုင်ဦးက ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့် ကုန်ပစ္စည်းများကိုသာရောင်းချရန်ပြောကြားခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)