Main menu

စလင်းမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တာဝန်ခံ ဦးဆန်းလင်းမောင်(ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် တာဝန်ရှိဌာနဆိုင်ရာအဖွဲ့များနှင့်ပူးပေါင်း၍ (၂၂-၁၁-၂၀၂၃) ရက်နေ့၊  နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် စလင်းမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များဖြစ်သော စည်တော်၊ ပစ်တိုင်းထောင်၊ ပြည့်ရာဇာ၊ လရောင်စစ် စသည့်စက်သုံးဆီအရောင်းဆိုင်(၄)ဆိုင်အား သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့သည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စက်သုံးဆီတင်သွင်း/ သိုလှောင်/ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ နေ့စဉ်ထုတ်ပြန်သော စက်သုံးဆီရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချမှုရှိ/ မရှိ၊ ချင်တွယ်မှုမှန်ကန်စေရေး၊ ဆိုင်းဘုတ်များတင်ပြ၍ ရောင်းချမှုရှိ/မရှိနှင့် စက်သုံးဆီပြတ်လတ်မှုရှိ/ မရှိကိုစစ်ဆေးခဲ့ရာ စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း စိစစ်တွေ့ရှိရပြီး သက်ဆိုင်ရာတာဝန်ရှိဌာနများကလည်း စက်သုံးဆီဖြန့်ဖြူးရောင်းချရာတွင် တရားဝင်ခွင့်ပြုလိုင်စင်များ၊ ညွှန်ကြားချက်များနှင့်အညီ ရောင်းချကြရန် ဆွေးနွေးခဲ့ကြပါသည်။

    စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက စက်သုံးဆီဖြန့်ဖြူးရောင်းချသူများအနေဖြင့် ဈေးနှုန်းများကို နေ့စဉ် ဆိုင်းဘုတ်များဖော်ပြထားရှိစေပြီး ပြည်သူများသိသာမြင်သာနိုင်သောနေရာတွင် ထားရှိရန်ဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များကလည်း သတ်မှတ်ထားသောစည်းကမ်းများကို လိုက်နာဆောင်ရွက်လျက်ရှိကြောင်း၊ စက်သုံးဆီပြတ်လပ်မှုမရှိကြောင်းနှင့် စက်သုံးဆီဖြန်ဖြူးရောင်းချမှု၊ ရပ်နားနေမှုများမရှိပါကြောင်း အရောင်းဆိုင်မန်နေဂျာများ၏ ပြောပြချက်အရသိရှိရပါသည်။    

DOCA(မကွေး)