Main menu

နိုဝင်ဘာလအတွင်း ဂန့်ဂေါမြို့ရှိ စာသင်ကျောင်းများသို့ သွားရောက်အသိပညာပေးဆောင်ရွက်မှု

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုနှင့်အတူ ပခုက္ကူခရိုင်ဦးစီးမှူးရုံး၏ကြီးကြပ်ကွပ်ကဲမှုအောက်တွင်ရှိသည့် ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်ဇာဇာချိုဦးနှင့် အငယ်တန်းစာရေး ဒေါ်ခင်နွဲ့ဝင်းတို့သည် စားသုံးသူပြည်သူများ စားသုံးသူအခွင့်အရေးများနှင့် တာဝန်များအားသိရှိစေရန်၊ အစားအသောက်များအားဝယ်ယူစားသောက်ရာတွင် ကုန်အညွှန်းအမှတ်အသားများပါဝင်ပြီး သတင်း အချက်အလက်ပြည့်စုံသော ကုန်စည်များကိုရွေးချယ်ဝယ်ယူတတ်စေရန်၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ်ရန်အတွက်  (၇.၁၁.၂၀၂၃)ရက်နေ့၊ နံနက်(၀၈:၃၀)အချိန်တွင် ဂန့်ဂေါမြို့၊ မြို့မတောင်ပိုင်းရှိ အခြေခံပညာမူလတန်းကျောင်း၌ ဆရာ၊ ဆရာမ(၁၀)ဦး၊ ကျောင်းသား၊ ကျောင်းသူ(၈၀)ဦးနှင့် (၈.၁၁.၂၀၂၃)ရက်နေ့၊ နံနက်(၀၈:၃၀)အချိန်တွင် အခြေခံပညာမူလတန်းလွန် တပ်တွင်းကျောင်း၌ ဆရာ၊ ဆရာမ(၁၂)ဦး၊ ကျောင်းသား၊ ကျောင်းသူ(၉၀)ဦးတို့အား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

   ရှေးဦးစွာ မြို့မရပ်ကွက်ရှိအခြေခံပညာမူလတန်းကျောင်းနှင့်  အခြေခံပညာမူလတန်းလွန် တပ်တွင်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးတို့က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်ဇာဇာချိုဦးကဆွေးနွေးရာတွင် ဌာန၏သမိုင်းကြောင်း၊ ဆောင်ပုဒ်နှင့်မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ တွင်ပါဝင်သော စားသုံးသူ၏အခွင့်အရေး နှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ၊ တိုင်ကြားခြင်းအကြောင်းနှင့် စားသုံးသူပြည်သူများအတွက် ကုန်စည်(သို့)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်းနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့ကို ဆောင်ရွက်နေရုံသာမက စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ(CICC) ဖွင့်လှစ်ထားရှိမှုများ၊ တိုင်ကြားနိုင်သည့်နေရာများနှင့် နည်းလမ်းများအကြောင်း၊ စားသုံးသူရေးရာကိစ္စများ စုံစမ်းမေးမြန်းရန်အတွက် (Comsumer Call Center)အား ဖွင့်လှစ်ထားရှိကြောင်း၊ ခေါ်ဆိုနိုင်သည့်နံပါတ်မှာ 1535 ဖြစ်ပြီး မည်သည့်ဖုန်းဆင်းကဒ် နှင့်မဆိုခေါ်ဆို၍ သိလိုသည်များ၊ တိုင်ကြားလိုသည်များကို တိုင်ကြားမေးမြန်းနိုင်ကြောင်း အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)