Main menu

ကံမမြို့နယ်တွင် စက်သုံးဆီဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး အသိပညာပေးဆွေးနွေးခြင်း

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် သရက်ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့်  သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ကံမမြို့နယ်တာဝန်ခံ      ဒုတိယဦးစီးမှူးဒေါ်နွဲ့ယဉ်ဝင်းသည် ‌(၂၀-၁၁-၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၄:၃၀) နာရီအချိန်တွင် ကံမမြို့နယ်၊ ကျွန်းကလေးအုပ်စု၊ အုတ်ဖိုကျေးရွာ၊ ဦးကျော်ခိုင်မိုး(ဆယ်စုသစ်) စက်သုံးဆီဆိုင်သို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းရာတွင် ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်းက စက်သုံးဆီရောင်းချဖြန့်ဖြူးလျက်ရှိသောလုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စက်သုံးဆီများဖြန့်ဖြူးရောင်းချရာ၌ အခြေခံသတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုစေရေး၊ အချိန်အတွယ်မှန်ကန်စေရေး၊ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ နေ့စဉ်ရောင်းချဖြန့်ဖြူးနေသည့် စက်သုံးဆီဈေးနှုန်းများအား အများပြည်သူမြင်သာအောင် သိရှိစေရန် (LED Boant)ဖြင့်ပွင့်လင်းမြင်သာအောင် စီစဉ်ပြသထားရှိစေရေး အသိပညာပေးဆွေးနွေးပြော ကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)