Main menu

ကံမမြို့နယ်၊ ဂျွန်းတောင်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခြင်း

Powered by Drupal

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် (၂၀-၁၁-၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် သရက်ခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများနှင့် ကံမမြို့နယ်တာဝန်ခံ၊ ဒုတိယဦးစီးမှူး ဒေါ်နွဲ့ယဉ်ဝင်းသည်  ကံမမြို့၊ ဂျွန်းတောင်ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့ဟောပြောရာတွင် ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်းက ဌာန၏သမိုင်းကြောင်း၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှဆောင်ရွက်နေသည့်လုပ်ငန်းများအကြောင်း၊  စားသုံးသူအခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များအကြောင်းကိုလည်းကောင်း၊  ဒုတိယကြီးကြပ်ရေးမှူး ဦးကျော်ရွှေက  ကုန်ပစ္စည်းဝယ်ယူအသုံးပြုရာတွင် အဓိကပါဝင်ရမည့်အချက်များနှင့် ထုတ်လုပ်ရက်စွဲ၊ သက်တမ်းလွန်ရက်စွဲများကို သေချာစွာ ကြည့်ရှုဝယ်ယူသုံးစွဲကြပါရန်၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈) ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် မြန်မာဘာသာဖြင့်ဖော်ပြပါရှိသော ကုန်စည်များသာဝယ်ယူသုံးစွဲကြရန် အသေးစိတ် အသိပညာပေး‌‌ဟောပြောခဲ့ပါသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီး အရာရှိဒေါ်သန်းသန်းဆင့်က လူငယ်ရေးရာအကြောင်း ဟောပြောခြင်းများဆောင်ရွက်ခဲ့ပြီး မြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်းမှ ကျောင်းအုပ်ဆရာမကြီးထံသို့ စားသုံးသူကာကွယ်ရေးဥပဒေ လက်ကမ်းစာစောင်များပေးအပ်ခဲ့ပြီး အဆိုပါဟောပြောပွဲသို့ ဆရာမ(၅)ဦး၊ ကျောင်းသား၊ ကျောင်းသူ(၁၂၆)ဦး၊ ပြန်ဆက်ဝန်ထမ်း(၄)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)