Main menu

“ကော့မှူးမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ မိုးစပါးစံပြကွက်ရိတ်သိမ်းမှုအတွက် အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ”

Powered by Drupal

   ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌ (၂၀၂၂-၂၀၂၃)ခုနှစ်၊ မိုးစပါးရာသီ စပါးစံပြကွက်ရိတ်သိမ်းနိုင်ရေးကို ကော့မှူးမြို့နယ်၊ ဌာနဆိုင်ရာများဖြင့်  ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(၁၇)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ကြောင်းသိရှိရပါသည်။

     အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်တက်ရောက်အားပေးမည်ဖြစ်ကြောင်း၊ ရပ်ကွက်သူ/ သားများ၊ ပြည်သူများအား အချိန်မီအသိပေးဟောပြောစည်းရုံးထားကြရန် ရှင်းလင်းပြောကြားဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်မံအုပ်ချုပ်ရေးအဖွဲ့၊ လူဝန်မှုကြီးကြပ်ရေးဦးစီးဌာနနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ မြို့နယ်ဦးစီးမှူးများတက်ရောက်ခဲ့ကြပြီး (၂၀၂၂-၂၀၂၃) ခုနှစ်၊ မိုးစပါးကို ကော့မှူးမြို့နယ်၊ ဗိုလ်ချုပ်လမ်းမကြီးဝဲ/ ယာရှိ ကျေးရွာများတွင် ရိတ်သိမ်းမည်ဖြစ်သည့်အတွက် လိုအပ်သည်များကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန်တို့ကို ညှိနှိုင်းစည်းဝေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)