Main menu

ကံမမြို့၌ ပလတ်စတစ်(Campaign)နှင့် စားသုံးသူများဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် သရက်ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ကံမမြို့နယ်တာဝန်ခံ၊ ဒုတိယဦးစီးမှူး ဒေါ်နွဲ့ယဉ်ဝင်းသည် (၂၀-၁၁-၂၀၂၃)ရက်နေ့၊ နံနက် (၀၇:၀၀)နာရီအချိန်တွင် ကံမမြို့၊ မြို့မဈေး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)တို့နှင့်ပူးပေါင်း၍ ပလတ်စတစ်အိတ်နှင့် ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျှော့ချရေး ကမ်ပိန်း(Campaign)ပြုလုပ်ခြင်းနှင့် ကြွပ်ကြွပ်အိတ်အစားထိုးအင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းအား ဆောင်ရွက်ခဲ့ပါသည်။

  ဆက်လက်၍ နံနက်(၀၈:၀၀)နာရီအချိန်တွင်  ကံမမြို့၊ အမှတ်(၁)၊(၂)၊(၃)၊(၄)ရပ်ကွက်များရှိ ကုန်မျိုးစုံအရောင်းဆိုင်(၉)ဆိုင်များတွင် အိမ်နီးချင်းနိုင်ငံမှ တရားမဝင်တင်သွင်းရောက်ရှိလာသည့် "ပုဇွန်" အမှတ်တံဆိပ်ပါ စားသုံးဆီများအား ဝင်ရောက်မှုမရှိစေရေးနှင့်ဈေးကွက်အတွင်း ရောင်းချနေမှု ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် ကုန်စုံဆိုင်ပိုင်ရှင်များအား ကံမမြို့နယ် တာဝန်ခံဒေါ်နွဲ့ယဉ်ဝင်းမှ  တရားမဝင်တင်သွင်းလာသည့် "ပုဇွန်"အမှတ် တံဆိပ်ပါစားသုံးဆီများအား ဈေးကွက်အတွင်း တင်သွင်း၊ သိုလှောင်ဖြန့်ဖြူးရောင်းချခြင်းမပြုရန်  ဆွေးနွေးပြောကြားခဲ့ပြီး လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈) ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် မြန်မာဘာသာဖြင့်ဖော်ပြပါရှိသော ကုန်စည်များသာရောင်းချရန်၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းလွန်ရက်စွဲများကို အလေးထားကြည့်ရှုရောင်းချရန် အသိပညာပေးဆွေးနွေးပြောကြားပြီး  မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်(၂/၂၀၁၉) လက်ကမ်းစာစောင်များ ဖြန့်ဝေပေး ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)