Main menu

“ ကော့မှူးမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး ”

Powered by Drupal

  ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ စက်သုံးဆီအရောင်းဆိုင်များရှိ စက်သုံးဆီရောင်းချနေမှုအခြေအနေအား ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၁၉ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်မှ (၀၉:၀၀)နာရီအချိန်ထိ ကော့မှူးမြို့နယ်တာဝန်ခံက သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံက ကော့မှူးမြို့နယ်၊  ဗိုလ်ချုပ်လမ်းမကြီး၊ မကျီးကန်ကျေးရွာ၌ စက်သုံးဆီရောင်းချပေးလျက်ရှိသော ရတနာဆီဆိုင်၊  ဗိုလ်ချုပ်လမ်း၊ ဇလုပ်ကြီးကျေးရွာမှ  Max ဆီဆိုင်နှင့် ဗိုလ်ချုပ်လမ်း၊ အဖျောက်ကျေးရွာရှိ ရွှေသရဖူဆီဆိုင်တို့သို့သွားရောက်၍ စက်သုံးဆီရောင်းချနေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆီဆိုင်များအနေဖြင့် ယာဉ်များတန်းစီစောင့်ဆိုင်းဝယ်ယူနေရခြင်းရှိ/ မရှိ၊ ခွဲတမ်းအချိုးကျစနစ်ဖြင့် ရောင်းချနေမှုရှိ/ မရှိ၊ လုပ်ငန်းရှင်များနှင့်လယ်သမားများ လာရောက်ဝယ်ယူရာတွင် အပြည့်အဝရောင်းချဖြန့်ဖြူးပေးနိုင်မှုရှိ/ မရှိတို့ကိုမေးမြန်းခဲ့ရာ စက်သုံးဆီအရောင်းဆိုင်များမှ တာဝန်ရှိသူသည် ဆီဆိုင်တွင်သတ်မှတ်ထားသည့် ဆီခွဲတမ်းများကိုလည်း အချိန်မီထုတ်ယူရရှိနေပါသဖြင့် မည်သည့်စက်သုံးဆီအမျိုးအစားကိုမဆို ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း၊ လုပ်ငန်းရှင်များ၊ လယ်သမားများအား လိုသလောက် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း၊ ယာဉ်တန်းစီတိုး၍ ဝယ်ယူနေရသည့်အခြေအနေများမရှိကြောင်း ပြန်လည်ဖြေကြားခဲ့ကြပါသည်။ လက်ရှိဖြစ်ပေါ်နေသော အခြေအနေများအရ စက်သုံးဆီများရှိပါလျက်ဖြင့် ရောင်းချပေးခြင်းမရှိသော စက်သုံးဆီဆိုင်များအား စိစစ်ဆောင်ရွက်လျက်ရှိနေသည့်အတွက် သုံးစွဲသူများ စက်သုံးဆီများကို အဆင်ပြေလုံလောက်စွာဝယ်ယူသုံးစွဲနိုင်ရန်နှင့် စက်သုံးဆီပြတ်လပ်မှုမရှိစေရန်  ရန်ကုန်တိုင်းအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် သီလဝါသိုလှောင်ကန်များမှ  စက်သုံးဆီများကို လုံလောက်စွာဖြည့်တင်းဆောင်ရွက်‌ပေးလျက်ရှိနေသည့်အတွက် သတ်မှတ်စည်းကမ်းများနှင့်အညီ စက်သုံးဆီများ ပုံမှန်ရောင်းချပေးနိုင်ရေးတို့ကို အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)