Main menu

သရက်မြို့၊ စည်ပင်သာယာဈေးအတွင်း "ပုဇွန်"တံဆိပ်စားသုံးဆီများ ရောင်းချခြင်းရှိ/မရှိ ရှောင်တခင်စစ်ဆေး

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ သရက်ခရိုင်၊ သရက် မြို့နယ်တာဝန်ခံ ဦးအုန်းမြင့်(ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် တိုင်းဒေသကြီးဦးစီးမှူး ခရိုင်ဦးစီးမှူး၏ လမ်း ညွှန်မှုဖြင့် (၂၁.၁၁.၂၀၂၃)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် မြို့မစည်ပင်သာယာဈေးအတွင်း စားသုံးဆီရောင်းချနေသော ကုန်စုံဆိုင်(၁၁)ဆိုင်တွင် တရားမဝင်တင်သွင်းလာသည့် "ပုဇွန်" အမှတ် တံဆိပ်ပါ စားသုံးဆီများရောင်းချခြင်းရှိ/မရှိကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီး ဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့မစည်ပင်သာယာဈေးအတွင်း တရားမဝင်တင်သွင်းလာသည့် "ပုဇွန်"အမှတ်တံဆိပ် စားသုံးဆီများရောင်းချခြင်း မရှိကြောင်းတွေ့ရှိခဲ့ရပြီး မြို့နယ်ရဲတပ်ဖွဲ့မှ တရား မဝင်ကုန်ပစ္စည်းများ ရောင်းချခြင်းမပြုစေရန်နှင့် စားသုံးသူရေးရာဦးစီးဌာနမှ ကုန်အမှတ်တံဆိပ်များ ပြည့်စုံသည့်ကုန်စည်များကိုသာ ရောင်းချစေလိုကြောင်း ပြောကြားခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)