Main menu

ပွင့်ဖြူမြို့နယ်၊ ကျေးရွာအတွင်းရှိလုပ်ငန်းရှင်များ လုပ်ငန်းတွင်စားအုန်းဆီ အမှန်တကယ်သုံးစွဲမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာနသည် ပြည်တွင်း၌ထုတ်လုပ်သော စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းရှင်များအား လုပ်ငန်းများစဉ်ဆက်မပြတ်လည်ပတ်နိုင်ရန် လုပ်ငန်းသုံးဆီရရှိရေးဆောင်ရွက်ပေးလျက်ရှိပါသည်။

   မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများနှင့် ပွင့်ဖြူမြို့နယ်တာဝန်ခံတို့သည်  (၂၁.၁၁.၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၃:၀၀)အချိန်တွင် ပွင့်ဖြူမြို့၊ တောင်အင်းကျေးရွာရှိ ဒို့ရိုးရာအမှတ် တံဆိပ်ပဲကြော်လုပ်ငန်းရှင်နှင့် ရှောက်တောကျေးရွာရှိ မြနန္ဒာအမှတ်တံဆိပ် ပဲကြော်လုပ်ငန်းရှင်များသို့ သွားရောက်တွေ့ဆုံပြီး လုပ်ငန်းရှင်များအတွက် သတ်မှတ်ရည်ညွှန်းဈေးဖြင့် စားအုန်းဆီတင်သွင်း၊ သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ခွဲဝေချထားပေးလာခဲ့သည့် လုပ်ငန်းသုံးစားအုန်း ဆီများကို လုပ်ငန်းအတွက်အမှန်တကယ်သုံးစွဲမှုရှိ/မရှိနှင့် ထွက်ရှိသောကုန်ကြမ်းများအား တင်ပို့ဖြန့်ဖြူး ရောင်းချမှုအခြေအနေများအား ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် လုပ်ငန်းများတွင် စားအုန်းဆီများကို အမှန်တကယ်သုံးစွဲကာ လုပ်ငန်းများလည်ပတ်ဆောင်ရွက် နေကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA(မကွေး)