Main menu

ရန်ကုန်မြို့၌ ၂၀၂၃ခုနှစ်၊ စက်မှုထုတ်ကုန်ပစ္စည်းများ တန်ဆောင်တိုင်ဈေးရောင်းပွဲတော်နှင့် ကုန်ထုတ်လုပ်မှုစက်ယန္တရားနည်းပညာပြပွဲကျင်းပ

Powered by Drupal

    အသေးစား၊ အငယ်စားနှင့် အလတ်စား MSME လုပ်ငန်းရှင်များကို လိုအပ်သောငွေကြေးအရင်းအနှီး၊ နည်းပညာရရှိရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဈေးကွက်ရရှိရေး လိုအပ်သောအထောက်အပံ့များဆောင်ရွက်ပေးနိုင်ရန်၊ ပြည်တွင်းထုတ်ကုန်များနှင့် ပြည်ပသွင်းကုန်အစားထိုးထုတ်ကုန်များကို အားပေးမြှင့်တင်ရန်၊ ပို့ကုန်ကဏ္ဍမြှင့်တင်‌ရေးအတွက် ပြည်တွင်းထုတ်ကုန်များကို ပြည်ပသို့တင်ပို့ရောင်းချနိုင်ရေး ဆောင်ရွက်ရန်   အထောက်အကူဖြစ်စေမည့် ကဏ္ဍတစ်ရပ်အဖြစ် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြပွဲများကျင်းပပေးလျက်ရှိရာ “၂၀၂၃ခုနှစ်၊ စက်မှုထုတ်ကုန်ပစ္စည်းများ တန်ဆောင်တိုင်ဈေးရောင်းပွဲတော်နှင့် ကုန်ထုတ်လုပ်မှုစက်ယန္တရားနည်းပညာပြပွဲ” ကို (၂၅-၁၁-၂၀၂၃)ရက်နေ့မှ (၂၇-၁၁-၂၀၂၃)ရက်နေ့အထိ ဒဂုံမြို့နယ်၊ ပြင်သူ့ရင်ပြင်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ စည်ကားသိုက်မြဲစွာကျင်းပပြုလုပ်ခဲ့ပါသည်။

    အဆိုပါ ပွဲတော်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များက လုပ်ငန်းရှင်များ၊ အသေးစား၊ အငယ်စား၊ အလတ်စား MSME လုပ်ငန်းရှင်များ၏ ထုတ်ကုန်အရောင်းပြခန်းများ၊ ဆန်၊ ဆီအ‌ရောင်းဆိုင်များ၊ အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ လာရောက်ရောင်းချသော ထုတ်ကုန် ပစ္စည်းအရောင်းပြခန်းများအပါအဝင် ဆိုင်ခန်းပေါင်း ၄၄၅ခန်းကျော်ပြသရောင်းချမည်ဖြစ်ကြောင်းနှင့် နေ့စဉ် E-Sport Game ပြိုင်ပွဲများ၊ စတုဒီသာကျွေးမွေးခြင်းများ၊ ရုပ်ရှင်၊ သဘင်၊ ဂီတနှင့်ဟာသပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများ၊ မီးရှူးမီးပန်းပစ်ဖောက်မည့်အစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)