Main menu

ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်းကျေးရွာရှိလုပ်ငန်းရှင်အား လုပ်ငန်းတွင်စားအုန်းဆီ အမှန်တကယ်အသုံးပြုမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာနသည် ပြည်တွင်း၌ထုတ်လုပ်သော စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းရှင်များအား လုပ်ငန်းများစဉ်ဆက်မပြတ်လည်ပတ်နိုင်ရန် လုပ်ငန်းသုံးဆီရရှိရေးဆောင်ရွက်ပေးလျက်ရှိပါသည်။

  မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများနှင့် ပွင့်ဖြူမြို့နယ်တာဝန်ခံတို့သည်  (၂၀.၁၁.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ပွင့်ဖြူမြို့၊ လယ်ကိုင်းကျေးရွာရှိ ထွန်းအမှတ်တံဆိပ် လယ်ကိုင်းမရွေးလုပ်ငန်းရှင်နှင့်သွားရောက်တွေ့ဆုံကာ လုပ်ငန်းရှင်များအတွက် သတ်မှတ်ရည်ညွှန်းဈေးဖြင့် စားအုန်းဆီ တင်သွင်း၊ သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ခွဲဝေချထားပေးလာခဲ့သည့် လုပ်ငန်းသုံးစားအုန်းဆီများကို လုပ်ငန်းအတွက် အမှန်တကယ်သုံးစွဲမှုရှိ/မရှိနှင့် ထွက်ရှိ သောကုန်ချောများအား တင်ပို့ဖြန့်ဖြူးရောင်းချမှုအခြေအနေများအား ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် လုပ်ငန်းများတွင်စားအုန်းဆီများကို အမှန်တကယ်သုံးစွဲကာ လုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA(မကွေး)