Main menu

မင်းဘူးမြို့၊ အမှတ်(၁)သနပ်ခါးတောရပ်ရှိ မုန့်လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာထည့်သွင်းဖော်ပြလာစေရေး အသိပညာပေး

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ ဒေါ်စုစုထွန်း(လက်ထောက်ညွှန်ကြားရေးမှူး)သည် (၂၂.၁၁.၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် မင်းဘူးမြို့၊ အမှတ်(၁)သနပ်ခါးတောရပ်ရှိ ဂွတ်ရှယ်(လဒူမုန့်)လုပ်ငန်းရှင် ဦးပြုံးချိုအား ခရိုင်ဦးစီးမှူးရုံး တွင်ခေါ်ယူတွေ့ဆုံပြီး စားသုံးသူကာကွယ်ရေးဥပဒေ-၂၀၁၉၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာထည့်သွင်းဖော်ပြပေးရေး အသိပညာပေးဆွေးနွေးခဲ့ပါသည်။

ထိုသို့ဆွေးနွေးရာတွင် လုပ်ငန်းရှင်ပြောကြားချက်အရ ဂွတ်ရှယ်(လဒူမုန့်)အမှတ်တံဆိပ်မုန့်များကို ဒေသအတွင်း မင်းဘူးမြို့နှင့် နီးစပ်ရာကျေးရွာများသို့ ဖြန့်ချီရောင်းချလျက်ရှိ ကြောင်းသိရှိရပါသည်။ ခရိုင်ဦးစီးမှူးက လုပ်ငန်းရှင်ဦးပြုံးချိုအား စားသုံးသူကာကွယ်ရေးဥပဒေ-၂၀၁၉၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြပေးရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်၊ တားမြစ်ချက်များနှင့်ပြစ်မှုပြစ်ဒဏ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)