Main menu

မြို့သစ်မြို့နယ်၊ ကန်သာလေးကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကုန်အညွှန်းအမှတ် အသားများအကြောင်း အသိပညာပေးဆွေးနွေး

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ ကန်သာလေးကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ (၂၀.၁၁.၂၀၂၃)ရက်နေ့၊ နံနက်(၀၉း၃၀)အချိန်တွင်  စားသောက်ကုန်ပစ္စည်းများ ဝယ်ယူရာတွင် သတိပြုရမည့်ကုန်အညွှန်းအမှတ်အသားများနှင့် စားသုံးရန်မသင့်သည့်စားသောက်ကုန်များအကြောင်း အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။

   ထိုသို့ အသိပညာပေးရာတွင် မြို့သစ်မြို့နယ်တာဝန်ခံ (ဒုတိယဦးစီးမှူး)ဦးဆယ်မောင်က စားသုံး သူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ကုန်စည်များတွင်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများကို နမူနာပစ္စည်းများပြသ၍ ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းပြီး ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာမပါလျှင် ဝယ်ယူစားသောက်ရောင်းချခြင်းမပြုစေလိုကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှသာလျှင် ဝယ်ယူသုံးစွဲစေလိုကြောင်း၊ ဘေးအန္တရာယ်ကင်းရှင်းမှုမှာ အလွန်အရေးကြီးသောကြောင့် ကုန် အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီသည့်ကုန်စည်များအား စိစစ်ရွေးချယ်ဝယ်ယူစေလိုကြောင်းနှင့်  စားသုံးရန်မသင့်တားမြစ်ထားသော စားသောက်ကုန်များအကြောင်းကို အသေးစိတ်အသိပညာပေးရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း  သိရှိရပါသည်။

DOCA(မကွေး)