Main menu

သင်္ကန်းကျွန်းခရိုင်အတွင်းရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

   စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် အများပြည်သူများ စက်သုံးဆီများကို အဆင်ပြေလုံလောက်စွာဝယ်ယူသုံးစွဲနိုင်ရန်အတွက် အရောင်းဆိုင်များတွင် စက်သုံးဆီပြတ်လပ်မှုမရှိစေရေး စားသုံးသူရေးရာဦးစီးဌာနနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိရာ     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒသကြီးဦစီးမှူးရုံး၏ ကြီးကြပ်ကွပ်ကဲမှုအောက်ရှိ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးဝန်ထမ်းများသည် (၁၈-၁၁-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၂:၃၀) နာရီအချိန်တွင်  ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်များ၌ စက်သုံးဆီများကို အကန့်အသတ်ဖြင့်ဝယ်ယူနေရကြောင်း၊ အငှားယာဉ် TAXI များသည် အမှန်တကယ်အသုံးပြုရန်ထက်ပိုမို၍ တစ်ရက်လျှင် ဆီနှစ်ကြိမ်၊ သုံးကြိမ်ထည့်နေသည့်အတွက် အမှန်တကယ်သုံးစွဲရန်လိုအပ်သော ပြည်သူများနစ်နာမှုများမဖြစ်ပေါ်စေရေးတို့အတွက် သင်္ဃန်းကျွန်းခရိုင်အတွင်းရှိ သင်္ဃန်းကျွန်းမြို့နယ်၊ တာမွေမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကင်းမြို့နယ်တို့ရှိ စက်သုံးဆီအရောင်းဆိုင်များသို့သွားရောက်ကာ မြေပြင်အခြေအနေအား သိရှိနိုင်ရန်အတွက် ကွင်းဆင်း၍  သက်ဆိုင်ရာဆိုင်မန်နေဂျာများနှင့်တွေ့ဆုံမေးမြန်းခဲ့ရာ ဆီများပြတ်လပ်ခြင်းမရှိကြောင်း၊ အကန့်အသတ်ဖြင့်လည်း ရောင်းချခြင်းမရှိကြောင်းနှင့် ခွဲတမ်းရရှိမှုအပေါ် လိုသလောက်ရောင်းချပေးလျက်ရှိကြောင်းနှင့် အငှားယာဉ် TAXI များမှာလည်း အမှန်တကယ်အသုံးပြုရန်သာ ပုံမှန်ဝယ်ယူလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)