Main menu

အုတ်တွင်းမြို့နယ် အထက ထန်းကုန်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး

Powered by Drupal

 စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲတာဝန်ခံများဖြစ်ကြသော ဦးမင်းဇော်နှင့် ဦးစောသန်းထိုက်ကျော်တို့သည် နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းက အုတ်တွင်းမြို့နယ် ထန်းကုန်း အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသားကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောပြီး ကျောင်းမုန့်ဈေးတန်း၌ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

       ဟောပြောပွဲတွင် ဦးစီးမှူးဦးစောသန်းထိုက်ကျော်က စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ ဦးစီးဌာန၏ မျှော်မှန်းချက်နှင့်ရည်မှန်းချက်များ၊ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုမဖြစ်စေရေးအတွက် ဦးစီးဌာနက ဆောင်ရွက်ချက်များ၊ စားသုံး သူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ခြင်းများကိုလည်းကောင်း၊ ဦးစီးမှူးဦးမင်းဇော်က ဈေးကွက်အတွင်းကွင်းဆင်းဆောင်ရွက်သည့် အခြေအနေများ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများကို ဖတ်ရှုရန်အရေးကြီးပုံများနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားသော ကုန်စည်များကိုသာ ဝယ်ယူသင့်ပုံများကိုလည်းကောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

    ဟောပြောပွဲအပြီးတွင် ကျောင်းမုန့်ဈေးတန်း၌ ရောင်းချလျက်ရှိသော အသင့်စားမုန့်များနှင့် အသင့်သောက်အချိုရည်များတွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားခြင်း ရှိ/မရှိကို စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းနှင် ဟောပြောပွဲသို့ ကျောင်းသား ကျောင်းသူ ၂၁၀ ဦးတက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)