မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၊ ချောင်းတက်ကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)နှင့် ကိုင်းထောက်ကန်ကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၌ ကျောင်းသား/ ကျောင်းသူများအား ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို (၁၀.၁၁.၂၀၂၃)ရက်နေ့တွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက “လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောမြဖောင်းက “သဘာဝဘေးအသိပညာပေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံဒေါ်မြတ်မြတ်မိုးက “စားသောက်ရန်မသင့်သော အစားအသောက်များနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်သည့် ပစ္စည်းများအား ဝယ်ယူသုံးစွဲတတ်စေရေး”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာန၊ မြို့နယ်တာဝန်ခံဒေါ်ဆုဆုဇင်က “ပလတ်စတစ်ညစ်ညမ်းမှုလျော့ချရေး”ခေါင်းစဉ်ဖြင့် လည်းကောင်းအသီးသီး ဟောပြောခဲ့ကြသည်။
ထို့နောက်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲသို့ တက်ရောက်ဟောပြောခဲ့သည့် ဌာနဆိုင် ရာတာဝန်ရှိသူများအား ကျောင်းအုပ်ဆရာမကြီးဒေါ်နှင်းယုလွင်က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ဟောပြောပွဲတက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာဌာနများအလိုက် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။ အဆိုပါလူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၂၇၃)ဦး တက် ရောက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ “ဗလငါးတန်ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့်လည်းကောင်း”၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ “ကာလဗလဖွံ့ဖြိုးစေရေး အစားအသောက်ပုံစံများအားလည်းကောင်း” အသီးသီး ဟောပြောခဲ့ကြောင်း သိရသည်။
DOCA(မကွေး)