Main menu

သရက်မြို့၌ လုပ်ငန်းသုံးစားအုန်းဆီများ အမှန်တကယ်သုံးစွဲနေမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးအုန်းမြင့်(ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် (၇-၁၁-၂၀၂၃)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် သရက်မြို့၊ အကောက်တဲ၊ ဇော်ဂျီရပ်ကွက်ရှိ အသေးစားနှင့် အလတ်စား ပဲကြော်လုပ်ငန်းရှင်(၃)ဦးနှင့်သွားရောက်တွေ့ဆုံကာ လုပ်ငန်းရှင်များအတွက် ရည်ညွှန်းသတ်မှတ်ဈေးဖြင့် စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ခွဲဝေချထားပေးလာခဲ့သည့် လုပ်ငန်းသုံးစားအုန်းဆီများကို လုပ်ငန်းတွင် အမှန်တကယ်သုံးစွဲမှုရှိ/မရှိ ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ပါသည်။

   ထို့သို့ကွင်းဆင်းလေ့လာဆောင်ရွက်ရာ ခွဲဝေချထားပေးသည့် လုပ်ငန်းသုံးစားအုန်းဆီတို့ကို လုပ်ငန်းတွင် အမှန်တကယ်သုံးစွဲခြင်းရှိ/မရှိနှင့် လုပ်ငန်းဆောင်ရွက်မှုရှိ/မရှိအခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးလေ့လာဆောင်ရွက်ခဲ့ရာ  ယင်းလုပ်ငန်းများတွင် ၎င်းစားအုန်းဆီများကို အမှန်တကယ်သုံးစွဲကာ လုပ်ငန်းများလည်းဆောင်ရွက်လည်ပတ်နေကြောင်း စစ်ဆေးလေ့လာတွေ့ရှိခဲ့ရပါသည်။

DOCA(မကွေး)