Main menu

ဘီးလင်းမြို့၊ တောင်ကလေးကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပ

Powered by Drupal

   မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှဝန်ထမ်းများသည် (၆-၁၁-၂၀၂၃) ရက်နေ့တွင် ဘီးလင်းမြို့၊ တောင်ကလေးကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်တာဝန်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ လုံခြုံစိတ်ချရမှုရှိသောကုန်စည်နှင့် ဝန်ဆောင်မှုများကို ရွေးချယ်ဝယ်ယူအသုံးပြုတတ်စေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲသို့ တောင်ကလေးကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိ/ရပ်ဖများနှင့် ကျေးရွာသူ/ကျေးရွာသား (၃၀) ဦးတက်ရောက်ခဲ့ကြပြီး ကျေးရွာသူ/ကျေးရွာသားများက စားသုံးသူများနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့်နည်းလမ်းများကိုမေးမြန်းခဲ့ရာ ဘီးလင်းမြို့နယ်တာဝန်ခံအနေဖြင့်လည်း ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး ဌာနမှ စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)