Main menu

ကံမမြို့နယ်၌ စားသုံးသူအခွင့်အရေးများအကြောင်း အသိပညာပေး Talk Show ကျင်းပ

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သရက်ခရိုင်ဦးစီးမှူးရုံးမှ ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်းသည် ကံမမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၁-၁၁-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စားသုံးသူ၏ အခွင့်အရေး(၈)ချက်အကြောင်း အသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။

    အဆိုပါ Talk Show တွင် ကံမမြို့နယ်တာဝန်ခံ ဒေါ်နွယ်ယဉ်ဝင်းက စားသုံးသူများရရှိနိုင်မည့်အခွင့်အရေး(၈)ချက်၊ တာဝန်(၄)ချက်အကြောင်း၊ စားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုကိုဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက ပြောရေးဆိုခွင့်၊ တိုင်းကြားနိုင်ခွင့်နှင့် ပြန်လည်ကုစားခွင့်များကိုလည်းကောင်း၊ (CICC)ရုံးများဖွင့်လှစ်ထားရှိပြီးဖြစ်၍ နစ်နာသည့်စားသုံးသူများအနေဖြင့်  ဦးစီးဌာန၏ Facebook စာမျာက်နှာ၊ DOCA Myanmar mobile application၊ www. doca. gov. mm Website နှင့်  Consumer Call Center No. (1535) သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်းတို့ကိုလည်းကောင်း အသေးစိတ်အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)